မိုင်းပန် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာ၏ ကုန်ထုတ်မြေသားလမ်း ဖောက်လုပ် ခြင်း အခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှ စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ (၄) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်မြေသားလမ်းအား (၁)မိုင် (၂) ဖာလုံ အရှည်ဖောက်လုပ်မည်ဖြစ်ပြီး ကျေးလက်လမ်း ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ပြည်နယ်ငွေလုံးငွေရင်း (ဖြည့်စွက်)ခွင့်ပြုရန်ပုံငွေ (၃၆.၉၇၅)ကျပ် သန်းဖြင့် ထူးပြည့်သာ ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝိုးလိုင်း ကျေးရွာသည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်းမဘေးတွင် တည်ရှိပြီး အဆိုပါ မြေသားလမ်းဖောက်လုပ်ပြီးစီးသွားပါက ဝိုးလိုင်း ကျေးရွာရှိ ပြည်သူများ၏ လယ်ယာ စိုက်ခင်းများထံမှ စပါးနှင့် သီးနှံများအား သယ်ယူပို့ဆောင်ရေးအတွက်များစွာအထောက် အကူပြုနိုင်မည် ဖြစ်ပြီး လယ်ယာစိုက်ခင်းများမှ ပြည်ထောင်စုလမ်းမသို့ ရာသီမရွေး သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)