ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း နှာခေါင်းစည်း(၁၅၀၀)ခု အခမဲ့ဖြန့်ဝေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များသည် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်း စည်းများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေအိမ်တစ်အိမ်တက်ဆင်း ဆောင်ရွက် ခဲ့ကြသည်။