ကျောက်ကြီးမြို့ မုန်းဒေသ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်

ကျောက်ကြီး စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောက်ကြီးမြို့နယ်အတွင်း အဓိကဝင်ပေါက်ဖြစ်သော နတ်သံကွင်းဒေသ၌ စစ်တောင်း မြစ်ကူးတံတားထိပ်၌ မန်နေ့ နံနက် ၈ နာရီ အချိန်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးရေး စုပေါင်းစစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်အတွင်းသို့ အခြားဒေသမှဝင်ရောက်လာသော ယာဉ်များတွင် စီးနင်းလိုက်ပါလာ သည့် သူများ၏ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ကိုယ်ရေးအချက် အလက်များ မှတ်တမ်းတင်ခြင်းနှင့် ရန်ကုန်မှဝင်ရောက်လာသူများအား တာဝန်မှ အပဝင်ခွင့်မပြုပဲပြန်လွှတ်ခြင်း၊ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစီး Mask များ တပ်ဆင်သွားလာမှု ရှိ/မရှိစစ်ဆေးခြင်း၊ မြို့နယ်အတွင်းတွင် လိုအပ်သည့်ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုများ မရှိစေရေးအတွက် ကုန်ပစ္စည်းပို့ဆောင်သည့်ယာဉ်များ အားစစ်ဆေးပြီး ဝင်ရောက်ခွင့်ပြုခြင်း၊ အခြားဒေသများမှ ကျောက်ကြီးမြို့နယ်အတွင်းသို့ နယ်လှည့်စျေးရောင်းချသည့်မည်သည့် စျေးသည် မဆို ဝင်ရောက်လှည့်လည်ရောင်းချခွင့်မပြုခြင်း၊ တာဝန်မှအပ ခိုင်လုံသည့်အကြောင်း တစ်စုံ တစ်ရာ မရှိပဲ အခြားဒေသများမှ ကျောက်ကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်ခြင်း မရှိစေရန်စီစစ်ခြင်း၊ ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ ရာဇဝင်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ချက်အရ တာဝန်မှအပ မည်သူမျှ  ည၁၂နာရီမှ နံနက် ၄ နာရီအတွင်း နေအိမ် ဥပစာမှအပြင် ထွက်ခွာမှုမရှိစေရန် စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ သိရသည်။

K ခိုင် ပြန်/ဆက်