ကန်ကြီးထောင့်မြို့ ဟွာမှုန်အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာ‌ပေးနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ရုတ်တရက် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စနစ်တကျ မီးငြှိမ်းသတ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အမှတ် ၄ ရပ်ကွက်ရှိ ဟွာမှုန် အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ရွှေဘိုခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိစေရန် အသိပညာပေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စီးပွားရေးလုပ်ငန်းရှင်းများ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိစေရန် အသိပညာပေးဆောင်ရွက်မှုများကို ယခု ရက်သတ္တပတ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ဝန်းသိုမြို့နယ် မယ်ဇလီကျေးရွာ၌ ပြည်သူ့စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ "ကျေးလက်ဒေသဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မယ်ဇလီကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘုတလင်မြို့နယ်တွင် ဆဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ(၅၂၅)သိန်း လွှဲပြောင်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ(၅၂၅)သိန်း လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီခွဲအချိန်က မြို့ပေါ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပင်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြော

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မူလွန်−မြစံပယ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ် ရန်ပုံငွေ ပေးအပ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွဲကူးကျေးရွာအုပ်စု၊ မြောက်လွှတ် ကုန်းကျေး ရွာ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

သုံးခွမြို့နယ်တွင် ပြည်သူ့စကားဝိုင်း (ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19)ကျင်းပမည်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့စကားဝိုင်း (ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19)ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ ၂၈ရက် နေ့လယ် ၁၁နာရီခွဲ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဌာနမှ ရိခေါ်ဒါရ်မြို့တောင်သူများထံ ဝဥမျိုးစေ့ အခမဲ့ဖြန့်ဝေပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိခေါ်ဒါရ်မြို့ဒေသ စိုက်ပျိုးရေး ထုတ်ကုန် ပိုမိုဖွံ့ဖြိုးမြှင့်တင်နိုင်ရေးနှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစု ဝင်ငွေ ပိုမိုတိုးပွားစေရေးအတွက် တောင်သူဦးကြီးများထံ ဝဥမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့သည်။

ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံစေတနာ့ဝန်ထမ်းများအား ဖြန့်ခွဲစေလွှတ်သွားမည်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပြီး ACCESS TO HEALTH FUND အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် “ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီ ရရှိရေး စီမံချက်” Reaching Equitable Access To Health Through Local – empowerment (REAL) Project ၏ ဘက်စုံစေတနာ့ ဝန်ထမ်း(ICMV) မွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကသာပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများက သင်ကြားပို့ချခဲ့ရာ အဆိုပါသင်တန်းမှာ တက်ရောက်သော ဘက်စုံစေတနာ့ဝန်ထမ်း များအား ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ဖြန့်ခွဲစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကြည်မြို့နယ် ဇရပ်လှကျေးရွာအုပ်စု၌ လွှတ်‌တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ဇရပ်လှကျေးရွာအုပ်စု ဘုန်းတော်ကြီး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများစုပေါင်း ကွင်းဆင်းဆောင်ရွက်ခြင်း၊ လွှတ်‌တာ်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကျင်းပရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားလျက် တွေ့ဆုံပွဲအခမ်းအနား စတင်ကျင်းပခဲ့သည်။
Subscribe to