ခန္တီးမြို့တွင် နှစ်ရက်အတွင်း ချင်းတွင်းမြစ်ရေ(၄)ပေကျော်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေမှာ အနိမ့်ဆုံးရေအမှတ် (၅၇၃)စင်တီမီတာမှ စက်တင်ဘာလ (၁၁)ရက်နေ့မှစတင်၍ ပြန်လည် မြင့်တက်ခဲ့ရာ စက်တင်ဘာလ(၁၂)ရက်နေ့လည် (၁၂) နာရီခွဲအချိန်တိုင်းထွာချက်အရ (၇၅၂) စင်တီမီတာရှိပြီး (၂)ရက် အတွင်း(၄)ပေကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဥ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် ကန့်သတ်စောင့်ကြည့်နေရာသို့ ဝင်ရောက်နေသူများအား နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ကားအတူ စီးခဲ့သည့် ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာတွင် ကန့်သတ်စောင့်ကြည့်နေရာသို့ ဝင်ရောက်နေသူ တစ်ဦးအပါအဝင် ပြည်ပနိုင်ငံများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ရောက်ရှိလာသူ ၁၅၂ ဦးအား ယမန်နေ့ နေ့လယ်ပိုင်းက နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်စျေး၌ စျေးများတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်၍ စျေးရောင်းစျေးဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ရေး အစီအစဉ်ဖြင့် မောင်းမကန်စျေးတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်၍​ စျေးရောင်းစျေးဝယ်ရေး ရှိ/မရှိ ကွင်းဆင်း စစ်ဆေးမှုကို ယမန်နေ့ နံနက်နာရီ ၇ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒီးမော့ဆိုမြို့မဈေးတွင် ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အသိပညာပေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေနံနက်၈နာရီက မြို့မ ဈေးထိပ်နှင့် လူစည်ကားရာနေရာ များတွင် နှာခေါင်းစည်းMask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးနှင့်ပတ်သက်သည့် အသိပညာပေးနှိုးဆော်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။

ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေး၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း/ဈေးအပြင်တွင် ရောင်းချသည့် ဈေးသည်များအား သတ်မှတ်အကွာ အဝေးအတွင်း ရောင်းချစေခြင်း၊ ဈေးသည်များနှင့် ဈေးသို့ လာရောက်သူ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်း၊ နှာခေါင်းစည်း Mask မပါရှိပါက အရေးယူ ဆောင်ရွက်ခြင်း၊ ဈေးအတွင်းသို့ လက်ဆေးပြီးမှသာ ဝင်ရောက်စေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်အဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေနံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပ ခဲ့သည်။
Subscribe to