ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၃
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် ကျေးလက်ကျန်းမာရေးဌာနသို့ ခွင့်ပြုချထားပေးသော စက်တပ်ဖိုင်ဘာ လှေတစ်စီးကို ပင်လယ်ဒေသ ရေလမ်းခရီးတွင် အရေးပေါ် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ၌ အသုံးပြုရန်အတွက် ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာ၊ ကျေးလက် ကျန်းမာရေးဌာနသို့ ယမန်နေ့ ညနေ(၄)နာရီက လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ စက်တပ်ဖိုင်ဘာလှေသည် အလျား (၂၀) ပေ၊ အကျယ်(၅)ပေနှင့် ဟွန်ဒါ(၁၆)ကောင်အား စက်တပ်ဆင် ထားရာ လူ(၆)ဦးနှင့် ဝန်အနည်းငယ်သာ တင်ဆောင်နိုင်ပြီး ရေလမ်းခရီးသာရှိသော ရွှေဂဲညိုကျေးရွာမှ ပြည်ကြီး မဏ္ဍိုင်မြို့သို့ သာမန်စက်တပ်ရေယာဉ်(၄)နာရီအကြာ မောင်းနှင်ရသောခရီးကို တစ်နာရီနှင့် မိနစ် ၃၀ ခန့်သာ မောင်းနှင်ရမည်ဖြစ်ကြောင်း စက်ဆရာ ရေယာဉ်မောင်း ဦးသားအိုထံမှ သိရသည်။
မျိုးလွင်(ပြန်/ဆက်)