ကျိုင်းတောင်းမြို့တွင် စျေးပြင်ပတို့၌ ဆိုင်ထိုင်ရောင်းချသည့်ဆိုင်များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေး

ကျိုင်းတောင်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ စည်ပင်သာယာရေးကော်မတီက ကျိုင်းတောင်းမြို့ အတွင်း၊ ဈေးပြင်ပတို့၌ ဆိုင်ထိုင်ရောင်းချသူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက်  ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ဆိုင်ရှင်များ အနေ ဖြင့် ဆိုင်ထိုင်စားသောက်မည့်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များ အတိုင်း နေရာချပြင်ဆင်ထားမှုအခြေအနေများ၊ ဆိုင်အတွင်းသို့ ဝင်ရောက်လာသူများအား လက်များ စနစ်တကျ ဆေးကြောသန့်စင်နိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိိုက်လံစစ်ဆေး ကြသည်။

အဆိုပါ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း ဦးဆောင်၍ မြို့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊  စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)