မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်နှင့်ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရန်နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေသစ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်ပြီး ယမန်နေ့က ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ ဦးအောင်ဇေယျလမ်းတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်းထမ်းများနှင့်မြဝတီမြို့အမှတ်(၇၃)ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရပါ သည်။

ဂန့်ဂေါတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲနှုတ်ပယ်

ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် ၏ ထောက်ပံ့မှုအရ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဆင်းသုခ စပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း (၄၆၀) ဧကကို ဆောင်ရွက်လျှက်ရှိပြီး ယခုအခါ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ ငွေများ ကိုယမန်နေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခန္တီးမြို့တွင် နှစ်ရက်အတွင်း ချင်းတွင်းမြစ်ရေ(၄)ပေကျော်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေမှာ အနိမ့်ဆုံးရေအမှတ် (၅၇၃)စင်တီမီတာမှ စက်တင်ဘာလ (၁၁)ရက်နေ့မှစတင်၍ ပြန်လည် မြင့်တက်ခဲ့ရာ စက်တင်ဘာလ(၁၂)ရက်နေ့လည် (၁၂) နာရီခွဲအချိန်တိုင်းထွာချက်အရ (၇၅၂) စင်တီမီတာရှိပြီး (၂)ရက် အတွင်း(၄)ပေကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဥ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် ကန့်သတ်စောင့်ကြည့်နေရာသို့ ဝင်ရောက်နေသူများအား နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ကားအတူ စီးခဲ့သည့် ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာတွင် ကန့်သတ်စောင့်ကြည့်နေရာသို့ ဝင်ရောက်နေသူ တစ်ဦးအပါအဝင် ပြည်ပနိုင်ငံများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ရောက်ရှိလာသူ ၁၅၂ ဦးအား ယမန်နေ့ နေ့လယ်ပိုင်းက နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်စျေး၌ စျေးများတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်၍ စျေးရောင်းစျေးဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ရေး အစီအစဉ်ဖြင့် မောင်းမကန်စျေးတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်၍​ စျေးရောင်းစျေးဝယ်ရေး ရှိ/မရှိ ကွင်းဆင်း စစ်ဆေးမှုကို ယမန်နေ့ နံနက်နာရီ ၇ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒီးမော့ဆိုမြို့မဈေးတွင် ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အသိပညာပေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေနံနက်၈နာရီက မြို့မ ဈေးထိပ်နှင့် လူစည်ကားရာနေရာ များတွင် နှာခေါင်းစည်းMask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။
Subscribe to