ထီးလင်း စက်တင်ဘာ ၁၃
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းက စတုတ္တနှစ် စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တင်းချောင်းကျေးရွာရှိ ကျေးရွာမီးလင်းရေး လုပ်ငန်း မှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သဖြင့် ကျေးရွာလူထုမှ ဆန္ဒမဲပေးစစ်ဆေးခြင်းကို စက်တင်ဘာလ (၁၁) ရက်နေ့ က အဆိုပါကျေးရွာ ရှိဘက်စုံသုံးခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာမီးလင်းရေးလုပ်ငန်း၏ လုပ်ငန်းစဉ်တွင်ကျေးရွာရှိ လူဦးရေ(၁၀၆)ဦးမှ အလွန် ကျေနပ်မဲ (၉၇) မဲ၊ ကျေးရွာမီးလင်းရေးလုပ်ငန်း၏ ရလဒ်တွင် အလွန်ကျေနပ်မဲ(၉၈)မဲရရှိပြီး မကျေနပ်မဲ မရှိကြောင်းနှင့် ကျေးရွာဒေသခံများအား မိမိနေအိမ်မှ ဆန္ဒမဲပေးမည့်အစီအစဉ်၊ ကျေးရွာကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဆန္ဒမဲများအား ပွင့်လင်းမြင်သာစွာမဲရေတွက်မည့် နည်းစနစ်များ၊ လုပ်ငန်းစဉ်နှင့် ရလဒ်အား မဲပေးမည့်ပုံစံတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျေးရွာမီးလင်းရေးလုပ်ငန်းကို ကျေးရွာလူထုမှဆန္ဒမဲပေးစစ်ဆေးခြင်းသို့ ကျေးရွာ တာဝန်ကျလူထု စည်းရုံး ရေးမှူး ဒေါ်မေလွင်ဖြိုးက လူထုစစ်ဆေးပွဲလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ရင်ကလုပ်ငန်းသုံးကုန်ကျငွေနှင့် အသေးသုံး ကုန်ကျငွေများအား ရှင်းလင်းကာ လက်ထောက် နည်းပညာမှူး ဦးဂျက်မောင်မောင်က လူထုစစ်ဆေးပွဲ လုပ်ဆောင်မည့်အစီအစဉ်များကို ကျေးရွာလူထုအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အေလေးငယ်