ကျောက်ဆည်မြို့နယ်တွင် မျိုးသန့်မျိုးစေ့ထုတ် စပါးခင်းများ အောင်မြင်ဖြစ်ထွန်းစေရေး ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ စပါးတစ်ပင်နှင့်တစ်ပင် (၈)လက်မပတ်လည်နည်းဖြင့် စိုက်ပျိုးထားသော မျိုးသန့်မျိုးစေ့ထုတ် စပါးခင်းများ အောင်မြင်ဖြစ်ထွန်း စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်(၁၀)နာရီက မျိုးသန့်မျိုးစေ့ထုတ် စပါးစိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။