ဝန်းသိုမြို့နယ် ကင်မွန်းခြုံကျေးရွာတွင် (ရေရရှိရေးလုပ်ငန်း) ၄ လက်မစက်ရေတွင်း တူးဖော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ၏ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် နွေရာသီသောက်သုံးရေ ပြတ် လပ်မှုမရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ဝန်းသိုမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် (ရေရရှိရေးလုပ်ငန်း) ၄လက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့ မုန်းဒေသ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောက်ကြီးမြို့နယ်အတွင်း အဓိကဝင်ပေါက်ဖြစ်သော နတ်သံကွင်းဒေသ၌ စစ်တောင်းမြစ်ကူးတံတားထိပ်၌ ယမန်နေ့ နံနက် ၈ နာရီ အချိန်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးရေး စုပေါင်း စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Online Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်

စက်တင်ဘာလ(၁၃)ရက်နေ့၌ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်း အမှတ် အသိပညာပေး Online Talk Show အစီအစဉ်ကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန တွင် ယမန်နေ့ နံနက်(၉)နာရီက ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။

ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ အမြန်ရထားပြေးဆွဲခြင်းအား စက်တင်ဘာ(၁၃)ရက်နေ့မှစ၍ ယာယီရပ်နား

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၁)အဆန်နှင့်(၁၈၂)အစုန်အမြန်ရထားပြေးဆွဲခြင်းကို စက်တင်ဘာလ (၁၃)ရက်နေ့မှစတင်၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မုံးကိုးမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ လိုက်နာရှောင်ကြဉ်ရရမည့်စည်းကမ်းချက်များဆွေးနွေးခြင်းတို့ကို ယမန်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်ခန့်က မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ပလက်ဝမြို့တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်နှင့် အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပလက်ဝမြို့တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ရွှေစာရံစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ ယမန်နေ့ နံနက်က သထုံမြို့၏ကျက်သရေဆောင် ရွှေစာရံစေတီတော်မြတ်ကြီးဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရေကြည်မြို့နယ်ရှိ ကြေးတိုင်အင်းများအတွင်း ငါးမျိုး(၁၃၅၀၀၀)စိုက်ထည့်

ပုသိမ်ခရိုင် ၊ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဂရန်အင်းများ ရေရှည်တည်တံ့ပြီး ငါးထုတ် လုပ်မှု တိုးတက်မြင့်မားလာစေရန ်ရည်ရွယ်၍ ငါးမြစ်ချင်း ၊ငါးဖျန်း ငါးသားပေါက်ကောင်ရေ (၁၃၅၀၀၀) စိုက်ထည့်ခြင်း အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က အသုတ်ချောင်းမကြီးအင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to