ငါ့သရောက်မြို့၌ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများ အပူချိန်လျှော့ချရေးအရိပ်ရသစ်ပင်များစုပေါင်းစိုက်ပျိုး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ၊ငါ့သရောက်နယ်မြေရဲတပ်ဖွဲ့ဝင် များနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ အမှတ်(၂)ဈေးကုန်းရပ်ရှိ မြနန္ဒာကျောက်ထီး ဘုရားအနီး ၊မြနန္ဒာကန်တော်ကြီး ပတ်ဝန်းကျင်တွင် စက်တင်ဘာ ၁၃ရက်နေ့ နံနက် ၈နာရီအချိန်က အပူချိန်လျှော့ချရေး အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း ရဲအုပ်အေး ကျော်ထံကသိရသည်။