ခန္တီး စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေမှာ အနိမ့်ဆုံးရေအမှတ် (၅၇၃)စင်တီမီတာမှ စက်တင်ဘာလ (၁၁)ရက်နေ့မှစတင်၍ ပြန်လည် မြင့်တက်ခဲ့ရာ စက်တင်ဘာလ(၁၂)ရက်နေ့လည် (၁၂) နာရီခွဲအချိန်တိုင်းထွာချက်အရ (၇၅၂) စင်တီမီတာရှိပြီး (၂)ရက် အတွင်း(၄)ပေကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့မှာ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၃)ရက်အတွင်း မိုးရေချိန် (၁၀.၃၉)လက်မ ရွာသွန်းခဲ့ပြီး မုတ်သုန် ဆုတ်ချိန်ကာလအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်းဒေသကို စက်တင်ဘာလ(၁၃)ရက်နေ့မှ (၁၈)နေ့အထိသတ်မှတ်ထားသော်လည်း ခန္တီးမြို့ဒေသန္တရအနေအထားအရ (၁၈)ရက်နေ့နောက်ပိုင်းရက်များအထိ မိုးရွာရက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံးမှသိရသည်။
သီဟထက်အောင်(ခန္တီး)