ခေါင်လန်ဖူး စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေး၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း/ဈေးအပြင်တွင် ရောင်းချ သည့် ဈေးသည်များအား သတ်မှတ်အကွာ အဝေးအတွင်း ရောင်းချစေခြင်း၊ ဈေးသည်များနှင့် ဈေးသို့ လာရောက် သူ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်း၊ နှာခေါင်းစည်း Mask မပါရှိပါက အရေးယူ ဆောင်ရွက်ခြင်း၊ ဈေးအတွင်းသို့ လက်ဆေးပြီးမှသာ ဝင်ရောက်စေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိမိတို့ အနေဖြင့် ခေါင်လန်ဖူးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ်အတွင်းရှိ ဈေးသည်များ၊ ဈေးဝယ်သူ ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ထုတ်ပြန်ထားရှိသော အဖွဲ့အစည်းအသီးသီး၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ဖွင့်လှစ်ရောင်းချသွားရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လိုက်နာခြင်းမရှိပါက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေါင်လန်ဖူး မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့နယ် အမှုဆောင်အရာရှိ ဦးမေနောင်းဒီဆားရ်က ပြောကြားခဲ့သည်။
ငြိမ်းအိအိဖြိုး (ပြန်/ဆက်)