ဆွမ်ပရာဘွမ် စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များ ဖြစ်သည့် ဒေသန္တရ အမိန့်အမှတ် (၈/၂၀၂၀) အရ အများပြည်သူများ အရေးကြီးအကြောင်း ကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ မထွက်ကြ ရန်၊ လိုအပ်ချက်အရ ထွက်ခွာမည်ဆိုပါက Mask တပ်ဆင်ပြီး ထွက်ကြရန်၊ လက်မကြာခဏဆေးကြရန်၊ လူတစ်ဦးနှင့် တစ်ဦး (၆) ပေစီခြားနေကြရန်၊ ဈေးရောင်း/ ဈေးဝယ်များ Mask၊ Face Shield များ တပ်ကြရန်၊ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ရန်၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန်အမှတ် (၁၀၁/၂၀၂၀) နှင့်အညီ ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်ရောင်းချကြရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည်လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ ဆေးကုသမှုခံယူသွားရန်၊ ပြည်ပနိုင်ငံများနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာသို့ သွားရောက်သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူ၍ မြို့နယ်ပြည်သူ့ဆေးရုံးနှင့် သတ်မှတ်ထား သောနေရာများတွင် (Facility Quarantine) (၁၄) ရက်ကို လည်းကောင်း၊ (Home Quarantine) (၇) ရက် စောင့်ကြည့်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများ အားလုံးပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက် (၃) သို့ လှည့်လည် အသိ ပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ် လူဝင်မှ ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်ပညာရေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။
ကုဋေ (ပြန်/ဆက်)