ကော့မှူးတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

ကော့မှူး စက်တင်ဘာ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်၈နာရီက မြို့မဈေးထိပ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက် နေကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွား လမ်းလာများ တွင်နှာခေါင်းစည်း Mask မတပ်ဆင်သူ များအား ဒဏ်ငွေဆောင်စေကာ နှာခေါင်းစည်း Mask များတပ်ဆင်ပေးနေကြ သည်။

ကော့မှူးမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများအနေဖြင့် ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များနှင့် အညီကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအ တွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းMask တပ်ဆင်သည့် အလေ့ကောင်းရရှိစေရန် နေစဉ်အရှိန်အ ဟုန်မြှင့် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)