ထန်တလန်မြို့နယ်ရှိ လယ်ဧက(၁၅.၅)ဧကအတွင်းဒေသနှင့်ကိုက်ညီသည့် ငါးသားပေါက်ကောင်ရေ(၇၇၅၀) စိုက်ထည့်

ထန်တလန်  စက်တင်ဘာ ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန၊ ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ထန်တလန်မြို့နယ်အတွင်း ငါးစားသုံးမှု ဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် လယ်ဧကများအတွင်း ဒေသနှင့်ကိုက်ညီသည့် ငါးသားပေါက်များ စိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂  နာရီအချိန်က  ထန်တလန် မြို့ကြိုဆိုပါ၏အနီးရှိ လယ်ကွင်းနေရာ ၌ ကျင်းပခဲ့ကြကြောင်းသိရှိရသည်။
ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်ဦးက ငါးသားပေါက်များကို တောင်သူတစ်ဦးချင်းစီထံ ပေးအပ်ပြီးနောက် ငါးသားပေါက်များကို လယ်အတွင်းသို့ စိုက်ထည့်ခဲ့ကြသည်။

ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်  ငါးသားပေါက်များ စိုက်ထည့်ရာတွင် လယ်ဧကတစ်ဧကလျှင် ငါးသားပေါက် ကောင်ရေ(၅၀၀) နှုန်းဖြင့် လယ်ဧက(၁၅.၅)ဧက အတွက် ရွှေဝါငါးမျိုးနှင့် ငါးကြင်းငါးသားပေါက်ကောင်ရေ(၇၇၅၀)ကောင်အား စုပေါင်းစိုက်ထည့်ခဲ့ကြကြောင်း ၊ ဒေသခံ တောင်သူများအား စပါး ငါးပူးတွဲ လုပ်ဆောင် ကြခြင်းဒေသတွင်းငါးစားသုံးမှု ဖုလုံစေရေး အတွက် အထောက် အကူပြု နိုင်လိမ့်မည်ဖြစ် ကြောင်း၊ အဆိုပါ ငါးသားပေါက်များမှာ ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန (ရမ်ထလို)ငါးသားပေါက်စခန်းတွင် သားဖေါက်၍ ပေးပို့ စိုက်ထည့် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကျင်ငိုက်မန်(ပြန် ဆက် )