လောင်းလုံးမြို့နယ်၊ မောင်းမကန်စျေး၌ စျေးများတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်၍ စျေးရောင်းစျေးဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်

လောင်းလုံး စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့် မောင်းမကန်စျေးတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်၍​ စျေးရောင်းစျေးဝယ်ရေး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက်နာရီ ၇ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ လူစုလူဝေးနေရာများ ဖြစ်သည့် စျေးများ၊ စားသောက် ဆိုင်များတွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်လာကြသောကြောင့်ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရန် ကာကွယ် ထိန်းချုပ် နိုင်မည်ဖြစ်ပြီး ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ လောင်းလုံးမြို့နယ်၊ မောင်းမကန် စျေးတွင်နှာခေါင်းစည်း(Mask) တပ်ဆင်၍ စျေးရောင်း၊စျေးဝယ်မှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် လိုက်နာဆောင်ရွက် မှုမရှိပါက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သိန်းသိန်း