မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်နှင့်ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မြဝတီ စက်တင်ဘာ ၁၂

မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရန်နှင့်  မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်ကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်ပြီး ယမန်နေ့က ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ ဦးအောင်ဇေယျလမ်းတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်းထမ်းများနှင့်မြဝတီမြို့အမှတ်(၇၃)ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရပါ သည်။

အဆိုပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို (၂ဝ၂ဝခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်- ၆)ကို မေလ (၂၆)ရက်နေ့က  ပြည်ထောင်စု လွှတ်တော်မှ ထိုဥပဒေကို ပြဋ္ဌာန်းလိုက်ဖြစ်ကြောင်း သိရပါသည်။

လက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ၏ ပုဒ်မအခန်း(၇၆)အရ မော်တော် ဆိုင်ကယ် မောင်းနှင်သူသည် မော်တော်ဆိုင်ကယ်ကို နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံထိန်း ကိရိယာမပါပဲ မောင်းနှင်ခြင်း မပြုရ၊ မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင် ဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်း မရှိစေရ စသည်အချက်များ ပါဝင်ပြီး အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ဒဏ်ငွေ သုံးသောင်း ထက်မပိုသော ငွေဒဏ်ကို ချမှတ်ရမည်ဟု ဥပဒေတွင် ပြဌာန်းချက်များ ပါဝင်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)