ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ၊ငါ့သရောက်နယ်မြေရဲတပ်ဖွဲ့ဝင် များနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ အမှတ်(၂) ဈေးကုန်းရပ်ရှိ မြနန္ဒာကျောက်ထီး ဘုရားအနီး ၊မြနန္ဒာကန်တော်ကြီး ပတ်ဝန်းကျင်တွင် စက်တင်ဘာ ၁၃ရက်နေ့ နံနက် ၈နာရီအချိန်က အပူချိန် လျှော့ချရေး အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း ရဲအုပ်အေး ကျော်ထံကသိရသည်။
ငါ့သရောက်မြို့ရဲစခန်းမှူး ရဲအုပ်အေးကျော်နှင့်အတူ ရပ်ကွက်နေပြည်သူများ၊ဌာနဆိုင်ရာ များစုပေါင်းကာ အရိပ်ရသစ်ပင်ကြီး မျိုးများနှင့် ပန်းပင်များအား မြနန္ဒာကန်တော်ကြီး ကန်ဘောင်ပတ်လည်တွင်စိုက်ပျိုးကြရာ စုစုပေါင်း သစ်ပင်မျိုးစုံ (၇၀၀)ခန့် စိုက်ပျိုးခဲ့ကြောင်းသိရသည်။ အပူချိန်လျှော့ချရေး သစ်ပင်စိုက်ပျိုးကြရာတွင် ငါ့သရောက်နယ်မြေ ရဲတပ်ဖွဲ့စခန်းမှရဲအုပ် အေးကျော်နှင့် တပ်ဖွဲ့ဝင်များ၊ အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ စည်ပင်ဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်းပါ ဝင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ကိုထိန်၊ KPD