ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း နှာခေါင်းစည်း(၁၅၀၀)ခု အခမဲ့ဖြန့်ဝေ

ဟိုပုံး စက်တင်ဘာ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များသည် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်း စည်းများအခမဲ့ဖြန့်ဝေခြင်းကို ယ‌နေ့နံနက် (၈)နာရီမှစတင်၍ နေအိမ်တစ်အိမ်တက်ဆင်း ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှိုင်ထွေး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာ ရာတွင် မဖြစ်မနေနှာခေါင်းစည်းများတပ်ဆင် သွားလာကြရန်၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီလိုက်နာကြရန် အသိပေးပြောကြားပြီး လမ်းသွားလမ်းလာပြည်သူများနှင့် နေအိမ်တစ်အိမ်တက်ဆင်းဆောင်ရွက်၍ နှာခေါင်းစည်း (၁၅၀၀)ခု အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)