ပြည် စက်တင်ဘာ ၁၃
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု ဒဗ္ဗဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဒဗ္ဗစေတီတော်မြတ်ကြီး ဘုရားကုန်းတော်နှင့် ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးကြီး ထွန်းအောင်ကျော် ဦးဆောင်သော တပ်ဖွဲ့ဝင် (၆၀)တို့က ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)