တာမွေမြို့နယ်တွင် Box Culvert ခင်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီ (ရေစီး ရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့ )၏ ဦးဆောင်မှုဖြင့် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်း နှင့်လယ်ယာရွှေမြေလမ်း လမ်းဆုံနေရာတွင် Box Culvert ခင်းလောင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။