လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ပြည်သူများဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ  စက်တင်ဘာ  ၁၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲခွင့်ရရှိစေရန် ရည်ရွယ် ၍ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်၏ ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က မင်းဘူးခရိုင်၊ မန်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဖီဒါ(၁)ဖြင့် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ ပွင့်ဖြူဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ယိုင်နဲ့နေသော လျှပ်စစ်တိုင်များအား ပြန်လည်တည့်မတ်ခြင်း ၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဗို့အား ပြည့်မီစွာ သုံးစွဲခွင့်ရရှိရေးအတွက် ဓာတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများကိုလည်း ဘဏ္ဍာရေးနှစ် အလိုက် ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ထို့အပြင် ပြည်သူများ လျှပ်စစ်မီး သုံးစွဲရာ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီး စနစ်တကျ သုံးစွဲနည်းနှင့် ပက်သက်သော အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။

ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် မင်းဘူးခရိုင်၊ မန်းသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ဖီဒါ(၁)ဖြင့် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ ပွင့်ဖြူဓာတ်အားလိုင်း တစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ယိုင်နဲ့နေသော လျှပ်စစ်တိုင်များအား ပြန်လည်တည့်မတ်ခြင်း ၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်း နှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်၏ ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများ အဖွဲ့က နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းပြုလုပ် ပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)