ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပုံပြင်ပြောခြင်းအစီအစဉ်ရိုက်ကူး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးများအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းများနှင့် အထွေထွေဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် လွှင့်တင်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီက ပုံပြင်ပြောခြင်း အစီအစဉ် လွှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွန်ကြားချက်များနှင့်အညီ ရိုက်ကူးမှု အစီအစဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။