ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေး နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား စစ်ဆေးအရေးယူမှုများ ထီးလင်းတွင် ပြုလုပ်

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်တားဆီးနိုင်ရေး အတွက် နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ မြို့တွင်း ဖြတ်သန်း သွားလာသူများအား စစ်ဆေး အရေးယူမှုများ ပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဂန့်ဂေါခရိုင် ထီးလင်းမြို့ ယောရွှေပြည် ကားဂိတ်နေရာ၌ပြုလုပ်ဆောင်ရွက်သည်။

မတ္တရာမြို့နယ်တွင် အစားအသောက်ရောင်းချသည့်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချမှုရှိမရှိ လိုက်လံစစ်ဆေး

ကိုဗစ် ၁၉ရောဂါကူးစက်မှုလျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေး များမဖြစ်ပေါ်စေရေးအတွက် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်စား ရောင်းချခြင်းအား ယနေ့မှစ၍ ယာယီပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာရောင်းချရေး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခိုလမ်မြို့ ပြည်သူ့စာကြည့်တိုက်အား ယာယီပိတ်ထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှိ ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေး နှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပမှ လူဝင်လူထွက်တားမြစ်သည့် အနေဖြင့် ခိုလမ်မြို့ပြည်သူ့စာကြည့်တိုက်ကို စက်တင်ဘာ (၉) ရက်နေ့မှ စတင်၍ ယာယီ

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၆၀)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား များအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးခြင်းနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲ Online ဖြင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင်ကလေးသူငယ် အခွင့်အရေး များ ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ နှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြ ပွဲကို Online ဖြင့် ဆောင်ရွက်ခြင်းကို ယမန်နေ့(၂)နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့ရှိ Facility Quarantine ဝင်ရောက်နေသူများအား ဓာတ်ခွဲနမူနာစစ်ဆေးရန် နှာခေါင်း၊ လည်ချောင်းအာခေါင် တို့ပတ်များ ဒုတိယအကြိမ် ရယူစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ မြို့နယ်အားကစားကွင်းနှင့် ရွှေမန်း ဟိုတယ်တို့တွင် Facility Quarantine ဝင်ရောက်နေသူများအား ဓာတ်ခွဲနမူနာ စစ်ဆေးရန် နှာခေါင်း၊ လည်ချောင်းအာခေါင် တို့ပတ်များကို ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယအကြိမ် ရယူစစ်ဆေးခဲ့သည်။

ဗိုလ်တထောင်မြို့နယ်တွင် လမ်းသွယ်များနှင့် လမ်းအဝင်အထွက် စိစစ်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာများ တွေ့ရှိရမှုများပြားလာသဖြင့် ကူးစက်မှုမပြန့်ပွားစေရန်နှင့် ထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်(၁ဝ)နာရီ၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေအိမ်(၇)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ အောင်ဆွေဒဂုံ လမ်းသွယ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က နေအိမ်(၇)လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to