ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေး စစ်ဆေးဂိတ်ဖွင့်

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မြစ်ကြီးနား- ဆွမ်ပရာဘွမ် - ပူတာအို ကားလမ်းဘေး ချစ်သူတံတားအနီးတွင် ကျန်းမာရေးစစ်ဆေးဂိတ်ကို ယမန်နေ့ နံနက် ၈ နာရီခန့်က စတင်ပြုလုပ် ခဲ့သည်။

ခရီးသွားပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရန် Mask တပ်ဆင်ခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက်သည့် ခရီးစဉ်များအား မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါဆင့်ပွားကူးစက်မှုမရှိစေရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်ထားရှိကာ အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ် ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများပြောကြားပေးခြင်းတို့ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)