(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လောက်ကိုင် စက်တင်ဘာ ၁၃

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအေး ဦးစီးပြီး တပ်ဖွဲ့ဝင်(၃၅)ဦးဖြင့် ယမန်နေ့ နံနက်က ဆီအောဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် ဘုန်းတော်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက် ရှေ့မျက်နှာစာ၊ လျောင်းတော်မူဘုရာကြီး ဝန်းကျင်နှင့် နဂါးလှိုဏ်ဂူ ဝန်းကျင်တို့အား စုပေါင်း သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်ညီ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‌ဇော်ဇော်အောင် (ပြန်/ဆက်)