မြို့သစ် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် စစ်တွေမြို့မှ ပြန်လာသူအား မြို့သစ်မြို့၊ အိုးအိမ် အဆောက်အဦ Quarantine Centre တွင် အသွားအလာကန့်သတ်စောင့်ကြည့်ပြီး ၎င်း၏ အာခေါင် တို့ဖတ်နမူနာအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပေးပို့၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရ သည်။
အဆိုပါစောင့်ကြည့်ပုဂ္ဂိုလ်အား ယနေ့ နံနက် (၉)နာရီခွဲအချိန်ခန့်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းနှင့် ဌာနဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူ ချိန် တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေး ထောက်ခံချက်များ ပေးအပ်ခဲ့ပြီး Home Quarantine ဆက်လက်ဝင်ရောက်နိုင်ရေး မှာကြားကာ စနစ်တကျ ပြန်လည် ထွက်ခွာစေခဲ့သည်။
ထို့ပြင် တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ဌာန ဆိုင်ရာများ၊ အရပ်ဖက် အဖွဲ့အစည်းများပူးပေါင်း၍ မြို့သစ်မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)