လက်ပံတန်း. စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ Lancang - Mekong cooperation special fund စီမံကိန်းမှ ပေးသည့်ဟင်းသီး ဟင်းရွက်မျိုးစေ့ ထောက်ပံ့ခြင်းကို ယမန်နေ့ ကချမ်းသာကုန်းတောင်သူပညာပေးစခန်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
သာယာဝတီခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှုး ဦးသန်းအောင်ဆန်းက အမှာစကား ပြောကြားပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဉာဏ်မြင့် က Lancang - Mekong cooperation special fund စီမံကိန်းမှဟင်းသီး ဟင်းရွက်မျိုးစေ့ထောက်ပံ့မှုဖြင့် ကျေးရွာများတွင် အိမ်ခြံဥယျာဉ်(Home Gardening) စိုက်ပျိုးခြင်းကို မြေလွတ်မြေလပ် များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်း ဖြင့်အပိုဝင်ငွေ ရရှိပြီးမြေကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ စားဖိုဆောင် အသုံးစရိတ်လျှော့ချနိုင်ပြီး လတ်ဆတ်သော ရာသီ သီးနှံများကိုစားသုံးနိုင်စေရန်၊ဓာတုကင်းလွတ်သောသီးနှံများကိုစိတ်ပျိုးခြင်းဖြင့် (Food Safety) အစားအစာများဘေးအန္တရာယ် ကင်းရှင်း၍ အာဟာရဓာတ် ပြည့်ဝသောသီးနှံများစားသုံးနိုင်စေရန်ရည်ရွယ်ထောက်ပံ့ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက ကြို့ပင်စခန်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၅၀)အတွက် အိမ်ထောင်စုတစ်စုလျှင်မျိုးစေ့ထုပ် (၁၉)မျိုးနှင့် စိုက်ပျိုးနည်းပညာပေးစာအုပ်များ လက်ကမ်းစာစောင်များ စိုက်ပျိုးရေးသုံးပစ္စည်းများအား ထောက်ပံ့ ခဲ့ကြောင်းသိရသည်။
ဝင့်နန္ဒာဌေး