စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်ရှိ မသန်စွမ်းဦးရေ(၈၁၇)ဦးအား တစ်ဦးလျှင်(၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ မသန်စွမ်းဦးရေ ( ၈၁၇ )အား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက်‌ လိုက်လံထောက်ပံ့ခြင်းကို ယမန်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက်များအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက်များအား ယမန်နေ့ မွန်လွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နှာခေါင်းစည်း(Mask)များ ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ(၄)နာရီတွင် ဆောင်ရွက်ခဲ့သည်။

သပိတ်ကျင်းမြို့နယ် အုံးတကူးကျေးရွာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော် ကားလမ်းမကြီး၊ (၇)မိုင်-တကောင်းကားလမ်းမိုင်တိုင် အမှတ်(၃/၆)မိုင်၊ အုံးတကူး ကျေးရွာအတွင်း ဗန်းမော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းဦး---မောင်းနှင်ပြီး ယာဉ်နောက်လိုက် မင်းမင်းနိုင်(ရွှေကူ)မြို့နေသူ လိုက်ပါလာသော 9T------ FUSO ယာဉ်သည် ဆန်အိတ် များတင်ဆောင်မောင်းနှင်လာစဉ် အုံးတကူးကျေးရွာအရောက် ယာဉ်မှာဘရိတ်ပေါက်ပြီး ကားလမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့်

ပေါင်းတည်မြို့နယ် အေးချမ်းသာယာမင်္ဂလာကန်တော်အတွင်း ရေဖောင်တော်ချမင်္ဂလာပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် မင်းကွက်(၃)ရပ်ကွက် ရွှေတောင်လမ်း ရန်ကုန်-ပြည် ကားလမ်းမဘေးရှိ အေးချမ်းသာယာကန်တော်မင်္ဂလာအတွင်းတွင် အလှူရှင်များ လှူဒါန်းမှုဖြင့် ၁၈ ပေ ပတ်လည် အကျယ်အဝန်းရှိ ရေဖောင်တော်ပေါ်တွင် အကျယ် ၈ ပေပတ်လည် ၆​ ပေအမြင့်ရှိ စံကျောင်း ဆောင်တော်မြတ်ပေါ်တွင် မန္တလေးမဟာမြတ်မုနိပုံတူ ကြေးဆင်းတုရုပ်ပွားတော်တစ်ဆူနှင့် ရှင်ဥပဂုတ္တ မထေရ်မြတ် ရှင်သီဝလိရဟန္တာမထေရ်မြတ်ကြီးတို့ကို ပင့်ဆောင်၍ ဒေသခံပြည်သူများ ကြည်ညိုပူဇော် ကန်တော့ခံနိုင်ရန်အတွက် ထားရှိသွားမည်ဖြစ်သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး စစ်ဆေးဆောင်ရွက်နေသည့် နမ့်မန်းစစ်ဆေးရေးဂိတ်အတွက် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့/ည စစ်ဆေးဆောင်ရွက်လျှက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက နမ့်မန်း စစ်ဆေးရေးဂိတ်သို့ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရာသီမရွေး အဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ် ခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ထံမှ သိရသည်။

သဲကုန်းမြို့နယ်တွင် (NEP) အစီအစဉ်ဖြင့် ကျေးရွာ(၁၂၆)ရွာအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက်

နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင်(၂)မိုင် အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ ကျေးရွာ (၁၂၆)ရွာအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင် နီယာရုံးမှ သိရှိရသည်။

ဖားကန့်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဖားကန့်ဒေသသို့ ဝင်လာသူများအားလုံးကို အသွားအလာ(၁၄)ရက်ကန့်သတ်ထားရှိမှုများ ဆောင်ရွက်လျက် ရှိကြောင်း လုံးခင်း(လယ်ပြင်)ဂိတ်တွင် ကိုယ်အပူချိန် တိုင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွား ရာဇဝင်စစ်ဆေးခြင်းလုပ်ငန်း ဦးဆောင် ဆောင်ရွက်နေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းရွှေထံမှ သိရသည်။

ရေဦးမြို့နယ် ဉာဏရောင်ခြည် ပရဟိတမျက်မမြင်ပညာသင်ကျောင်းသို့ ငွေကျပ် ၁၅ သိန်းလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မဲအိုးကျေးရွာ ဉာဏရောင်ခြည် ပရဟိတ မျက်မမြင် ပညာသင်ကျောင်းတွင် ယမန်နေ့ညနေပိုင်းက ရေဦးမြို့ အောင်ချမ်းသာရပ်ကွက် ဦးမြဟန် + ဒေါ်အေးပန် သမီး မခင်တင့် မိသားစုတို့က ကျောင်းအုပ်ကြီး ဦးထွန်းနိုင်ထံသို့ ငွေကျပ် ၁၅ သိန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to