မြင်းခြံ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကျေးရွာ(၇) ရွာတွင် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ထုတ်ချေးပေးပြီး အတိုးရငွေ ကျပ်သိန်း ၁၀၀ အထက် ရရှိတဲ့အတွက် အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာ (၇) ရွာမှာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပြီး ကျေးရွာအများစုက မီးလင်းရေးလုပ်ငန်းများတွင် အသုံးပြုကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။
မြင်းခြံမြို့နယ် မြစိမ်းရောင်စီမံကိန်းကျေးရွာ (၇) ရွာ ဖြစ်သည့် ရွာသစ်ကျေးရွာ၊ ကံပေါက်ကျေးရွာ၊ ညောင်ဝန်း ကျေးရွာ၊ ကြည်ရွာကျေးရွာ၊ မြေစကောင်းကျေးရွာတို့တွင် မြစိမ်းရောင်အတိုးရငွေ (၅၀) ရာခိုင်နှုန်းမှ ကျေးရွာ မီးလင်းရေးလုပ်ငန်း ဆောင်ရွက် ခဲ့ပြီး၊ သပြေသာကျေးရွာသည် စာသင်ကျောင်းဝိုင်းမြေနေရာ တိုးချဲ့ဝယ်ယူခြင်း၊ ခြေဆေးကျေးရွာသည် သောက်သုံးရေကန်တွင် ပါဝါမီတာတပ်ဆင်ခြင်းနှင့် ခြံစည်းရိုးကာခြင်း၊ ရေစက်ရုံအုတ်ရိုးစီခြင်း စသည့် မြစိမ်းရောင်အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)