နမ့်စန်(တ) စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ မြို့မဈေးကြီးအတွင်းတွင် ရောဂါပိုးများ ပေါက်ဖွား ကူးစက်မှု မရှိစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး အနေဖြင့် ယနေ့ နံနက် ၁၀နာရီတွင် နမ့်စန်မြို့မစျေး အတွင်းနှင့် အပြင်ဘက်တို့အား တပ်မတော်သားများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ပိုးသတ်ဆေးရည်များ ပက်ဖျန်းခဲ့ကြကြောင်း သိရ သည်။
မြို့မစျေးအတွင်းနှင့် အပြင်ရှိလမ်းများ၊ အစားအသောက်ရောင်းချသည့် စျေးဆိုင်တန်းများ ၊ ယာဉ်ရပ် နားသည့်နေရာများ ၊ အများသုံးသန့်စင်ခန်းများနှင့် အခြားလိုအပ်သည့် နေရာများတွင် ပိုးသတ်ဆေး ရည်များ ဖျန်းနေမှုကို နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး နှင့်စျေးကော်မတီများက ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)