ပင်းတယမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်

ပင်းတယ စက်တင်ဘာ  ၁၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ဒေသရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်(၁) ဦးမျိုးမြင့်အောင် က ရှင်းလင်းပြောကြားပေးပြီး ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဉီးမျိုးဇော်အောင်က မြို့နယ်အတွင်း မဲဆန္ဒနယ်များ၌ ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ရှင်းလင်ပြောကြားပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးကျော်ဝင်းမှ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲဝင် များအားလုံး စနစ်တကျပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပေးခဲ့သည်။

သင်တန်းကို အုပ်စုနှစ်ဖွဲ့ခွဲ၍ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရပ်ကွက်/ကျေးရွာ  ၂၁ အုပ်စုနှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၁၈ အုပ်စု စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု ၃၉ အုပ်စုမှ ရပ်ကျေးစာရေးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ မှ အဖွဲ့ဝင်များ စုစုပေါင်း ၁၄၀ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အတိုင်း သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)