ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံအတွင်းသို့ ငါးသားပေါက် ကောင်ရေ (၂၅၀၀၀၀) စိုက်ထည့်

ငဖဲ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသအတွင်းငါးရိက္ခာဖူလုံစေရေး၊ ငါးသယံ ဇာတ ပေါကြွယ်၀စေရေးနှင့် စပါးစိုက်တောင်သူများအနေဖြင့် ငါးနှင့်စပါးပူးတွဲရရှိစေရန် ရည်ရွယ်၍ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်း ရေလှောင်တမံနှင့် ရင်းရှည်ရေ လှောင်တမံအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀) စိုက်ထည့်ခြင်း ကို ယမန်နေ့က အဆိုပါ တမံများတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးဦးတင်ထွန်း နှင့်ပွင့်ဖြူ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုကိုထွန်း  တို့က ငဖဲမြို့နယ်အမှတ်-၂တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင် နှင့်မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း တို့ထံသို့ ငါးသားပေါက်များ ပေးအပ်ခဲ့ပြီး တမံများ အတွင်းသို့ ငါးမျိုးများ ကိုစုပေါင်းစိုက်ထည့်ခဲ့ကြသည်။

အဆိုပါငါးမျိုးစိုက်ထည့်မှုတွင် မန်းချောင်းရေလှောင်တမံအတွင်းသို့ ငါးမြစ်ချင်း သားပေါက် ၁၅၀၀၀၀ နှင့် ထိုင်းငါးခုံးမ သားပေါက်  ၅၀၀၀၀နှင့် ရင်းရှည်ရေလှောင်တမံအတွင်းသို့ ထိုင်း ငါးခုံးမ သားပေါက် ၅၀၀၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၂၅၀၀၀၀ ကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)