ထီးလင်းမြို့နယ်၌ ညမထွက်ရန် အမိန့် ထုတ်ပြန်ကြေညာ

ထီးလင်း စက်တင်ဘာ    ၁၆

ကိုဗစ်-၁၉ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွား လျက်ရှိသဖြင့် အဆိုပါ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရန် အမိန့် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
အမိန့်ကြေညာချက်တွင် ထီးလင်းမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများ အနေဖြင့် အဆိုပါရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့်အချိန်မီ ထိန်းသိမ်းနိုင်ရေး တို့အတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ခွင့်ပြုချက်အရမှအပ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီ အထိ ညမထွက်ရန်၊ ဤအမိန့်သည် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်၊ ဤအမိန့်သည် ထုတ်ပြန်ပြီးနေ့မှစ၍ (၂)လ အတည်ဖြစ်သည် ဟု ဖော်ပြပါရှိပြီး အများပြည်သူ သိရှိ လိုက်နာနိုင်ရန် မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာထားကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)