အရပ်ရပ်အခွင့်ရေး လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်ဖြင့် ရောင်းချ

ရွာငံ စက်တင်ဘာ ၁၆

    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်ရေးလုပ်ငန်း လိုင်စင်များ သက်တမ်းတိုး စနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်စည်ပင် သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

အခမ်းအနားတွင် ရွာငံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးဝဏ္ဏကျော်မှ အရပ်ရပ်အခွင့်ရေးလုပ်ငန်း လိုင်စင် စည်းကမ်းချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် လေလံဆွဲမည့်သူများက မရှင်း လင်းသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းတင်ပြပြီး လေလံ ရောင်းချခြင်းအခမ်းအနားကို စတင်ခဲ့သည်။ စိစစ်ရောင်းချမည့် အရပ်ရပ်အခွင့်အရေး လိုင်စင်များ မှာ ရွာငံ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် နန်းခုံဈေးကောက်များ၊ ကျွဲ၊ နွားပွဲဈေးကောက်၊ ယာဉ်ရပ် နားခ၊ ရွာငံ၊ ကျောက္ကူပြင်၊ ရေဦးအပေါင်ဆိုင်များနှင့် မြို့ဝင်ဘီးကောက်(၁၁)ခု တို့ကို သက်တမ်းတိုး စနစ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

 ရွာငံမြို့နယ်(ပြန်/ဆက်)