ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့ အလှူရှင်များမှ လာ‌ရောက်လှူဒါန်း

တွံတေး   စက်တင်ဘာ   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီ ထောက်ပံ့ရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေး ရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့နေလယ်ပိုင်းက နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပညာရေးဌာန မိသားစုမှ အလှူငွေကျပ်(၁၅)သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမိသားစုမှ PPE ဝတ်စုံ(၁၀၀)၊ Machinery Industry CO. LTDမှ PPEဝတ်စုံ(၂၀၀)၊ ဦးကိုကိုအေး မိသားစုကွမ်းခြံရပ်ကွက်မှ ငွေကျပ်(၁၀)သိန်း၊ ဦးမင်းနိုင်မိသားစုမှ (၅)သိန်း၊ ဦးဝါးရှီမိသားစုမှ (၅)သိန်း အိုးဖိုအနောက်ငါးကဏ္ဍမြစိမ်းရောင် ရေလုပ်သားများမှ (၆၆၀၀၀၀)ကျပ်၊ ၁၃မိုင်တာကုန်း ငါးကဏ္ဍ မြစိမ်းရောင်ရေလုပ်သား မိသားစုမှ (၁၀၅၀၀၀)ကျပ်၊ နေဝင်းထွန်းစက်သုံးဆီ အရောင်းဆိုင်မှ (၁၇၀၀၀၀)ကျပ်၊ ကိုဇော်ထွန်းမိသားစုမှ(၁၀၀၀၀၀)ကျပ်၊ ကိုကျော်ဆန်းလွင် မိသားစုမှ(၁၀၀၀၀၀)ကျပ်၊ မိုးကျော်စတိုးမှ(၁၀၀၀၀၀)ကျပ်၊ Mapco ကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်းကျပ်တို့ကို လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)