ထီးချိုင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် မြို့အဝင်၊ အထွက်များတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်

ထီးချိုင့် စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ( ၉) ခွဲအချိန်မှ စတင်၍  မြို့အတွင်းမြို့ပြင် သို့ ဝင်ထွက်သွားလာသူများအား ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက်  စစ်ဆေးရေးဂိတ် (မြို့ဝင်မောင်းတံဂိတ် ) စတင်ဖွင့်လှစ်၍ စစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာသဖြင့် ထီးချိုင့်မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေးအတွက် ထီးချိုင့်မြို့အဝင် မောင်းတံဂိတ်နှင့် ဧရာဝတီ တံတားအဆင်း (ကြက်သွန်ခင်းလမ်းဆုံအနီး) တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖွဲ့စည်းကာ အခြားမြို့နယ်များမှလာရောက်ကြသော ခရီးသွားများအား ခရီးသွားလာရာတွင် လို အပ်သောစာရွက်စာတမ်းများ၊ အချက်အလက်များ၊ ပြည့်စုံမှန်ကန်ခြင်းရှိမရှိ စစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင်မေးမြန်းခြင်း၊ ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်းတို့ကို နေ့စဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။

ရဲလင်းထွန်း ထီးချိုင့်