မိုင်းယုမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို စတုတ္ထပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်

မိုင်းယု  စက်တင်ဘာ ၁၆

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ အသက်ရှိ(၈၅)နှစ် အထက်သက်ကြီး ဘိုးဘွားများကို ၂၀၁၉-၂၀၂၀ခုနှစ်၊ ဘဏ္ဍာရေးနှစ် စတုတ္ထပတ်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့မှ  လူမှုရေးပင်စင်ထောက်ပံ့ကြေး ()လစာပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းယုမြို့ အမျိုးသမီးရေးရာ အဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု စာရေးများပါဝင်သည့်အဖွဲ့မှ မိုင်းယုဒေသအတွင်းရှိ အသက်ရှိ(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား မြို့မရပ်ကွက်တွင် ()ဦး၊ တာကြန့်ကျေးရွာအုပ်စုတွင်(၂)ဦးနှင့် မိုင်းလွေကျေးရွာအုပ်စုတွင်(၁)၊ စုစုပေါင်း သက်ကြီးဘိုးဘွား(၇)ဦးကို လူမှုရေးပင်စင်()လစာ ကျပ်သုံးသောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက်သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)