ရေး စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စက်တင်ဘာလ (၁၅)ရက်နေ့မှ စတင်၍ ရေးမြို့နယ်ရှိ ချောင်းတောင်ကျေးရွာ၊ ကလော့လေးကျေးရွာ၊ ကလော့ ကျေးရွာနှင့် ဟံဂံကျေးရွာများ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူ ဒေါ်သဉ္ဇာအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများပူးပေါင်း၍ လူစည်ကားသောနေရာများ၊ ဈေးများနှင့် လမ်းဆုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်တက်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။ ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူများသိရှိစေရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ပိုစတာများ၊ လက်ကမ်းစာစောင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)