ဗိုလ်တထောင်မြို့နယ်တွင် Quarantine Center ဖွင့်လှစ်ထားရှိရန် ညှိနှိုင်းဆွေးနွေး

ဗိုလ်တထောင် စက်တင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် Quarantine Center ဖွင့်လှစ်ထားရှိရန် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်()နာရီအချိန်တွင် YMCA ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်တထောင်မြို့နယ်အတွင်း နေထိုင်သူ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် အဓိကထိတွေ့ခဲ့သူများအား အ..က()နှင့် ..က()ကျောင်းများတွင် ထားရှိမည်ဖြစ်ပြီး လာရောက်သူများအတွက် အစားအသောက်၊ လုံခြုံရေးနှင့် သန့်ရှင်းရေးများပါ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်နိုင်ရေး၊ အလှူရှင်များရရှိရေး၊ တာဝန်ချထားရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးကြ သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ NGOအဖွဲ့များ၊ စေတနာရှင်များ တက်ရောက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် တာဝန်များ ခွဲဝေသတ်မှတ်ခဲ့ကြသည်။ အစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)