လှိုင်သာယာမြို့(အနောက်ပိုင်း) မြို့နယ်၌ နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ် ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ မြို့နယ်အထွေထွအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ဈေးစည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာ နေရာဖြစ်သည့် အမှတ်(၁၃)ရပ်ကွက် ပင်လုံဈေးတွင် ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ လှူဒါန်ထားသည့် ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် အဝတ်ဖြင့် ချုပ်လုပ်ထားသည့် ကလေးဝတ် Mask (၅၀၀)ခုနှင့် လူကြီးဝတ် Mask (၁၀၀၀)ခုတို့ကို အခမဲ့ဖြန့်ဝေခဲ့ သည်။

ထို့နောက် ပင်လုံဈေးအတွင်း သွားလာလျက်ရှိသော အများပြည်သူများအား အပြင်သို့မဖြစ်မနေသွားလာပါက နှာခေါင်း စည်း Mask များ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ကြရန်၊ လက်များကို မကြာခဏစက္ကန့်(၂၀) ကြာအောင် ဆေးကြောရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)