နမ္မတူ စက်တင်ဘာ ၁၆
နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာလ (၁၅)ရက်နေ့ ညနေ (၄)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းနှင့် ဝန်ထမ်းများက မြို့နယ် အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာညွှန်ကြားချက်များ နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက် ရောင်ချမှုရှိ/မရှိ ကြပ်မတ်စစ်ဆေးခဲ့ပြီး စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာ ဆောင်ရွက်မှု အားနည်းပါက Take-away စနစ်ဖြင့် ပြန်လည်သတ်မှတ်ရောင်းချစေမည် ဖြစ်ကြောင်းပါ အသိပညာပေး စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံက သိရှိရပါသည်။
လူမော် (ပြန်/ဆက်)