မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Quarantine Center သို့ အလှူငွေများ လာရောက်လှူဒါန်း

မရမ်းကုန်း စက်တင်ဘာ ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်၊ မလိခလမ်းအမှတ်(၁၄)တွင် ဖွင့်လှစ် ထားသော Quarantine Center တွင် အသုံးပြုရန် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အလှူရှင်းများမှ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က အလှူငွေ ကျပ်တစ်သိန်းနှင့် ဦးရူပ(အုပ်ချုပ်မှုဒါရိုက်တာ) YP7 Co;Ltd မိသားစုက အလှူငွေကျပ် ဆယ်သိန်းငါးသောင်းအား လာရောက် လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်မှ လက်ခံခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)