အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်-၂၀၀၀၀နှုန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်

အောင်လံ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်-၂၀၀၀၀နှုန်း တတိယအကြိမ်ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ နံနက်(၁၀)နာရီကစတင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာများ အထိသွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ပေးအပ်မှုကို အောင်လံမြို့နယ်အတွင်း ကိုဗစ်-၁၉ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုး ဖြန့်ဝေခဲ့သည့် အိမ်ထောင်စု(၂၇၃၅၀)၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စု(၆၁၁)၊ စုစုပေါင်း(၂၇၉၆၁)အိမ်ထောင်စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်-၂၀၀၀၀/-နှုန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။ ယင်းထောက်ပံ့ပေး အပ်မှုတွင် အောင်လံမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀၀)မှ အိမ်ထောင်စု(၂၇၉၆၁)စုအား အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်-၂၀၀၀၀/-နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၅၉၂၂၀၀၀၀)အား မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
    
မျိုးသိန်း(ပြန်/ဆက်)