ကွတ်ခိုင် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာမည့်အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက် မည့် (၅၆)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒုတိယ အကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း ခြင်းကို ယမန်နေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။
ဒုတိယအကြိမ်မြောက် စုပေါင်းလှူဒါန်းရာတွင် ကွတ်ခိုင်မြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၅)ဦးက လာရောက် စုပေါင်းလှူဒါန်းပြီး မြို့မရဲစခန်းမှူး သန်းဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက် များနှင့် အညီ ကြီးကြပ်ဆောင်ရွက်ပေးသည်။
စုပေါင်း သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များကို မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက ဆေးဝါးများ၊ ကြက်ဥနှင့် အာဟာရ ဖြည့်စွက်စာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)