နတ်မောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေ ရေးအတွက် ပင်စင်စားများအား နေ့ရက်အလိုက်ထုတ်ပေးသွားနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းသိရသည်
ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ၊ လက်ဆေးဘေစင်များထားရှိပေးပြီး စနစ်တကျ လက်ဆေးစေခြင်း ၊ တစ်ဦးနှင့် တစ်ဦး ( ၆ ) ပေအကွာတွင် နေထိုင်ကြပါရန် နှင့် နှာခေါင်းစည်း ( Mask ) မပါသူများအား အခမဲ့ဖြန့်ဝေပေး ခြင်း ၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်း လုပ်ငန်းများကို မြို့နယ်ရုံးဝန်ထမ်းများက ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ပင်စင်ထုတ်ပေးသည့်ရက်တွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာလ (၂၁)ရက်နေ့တွင် မြို့ပေါ် ရပ်ကွက်(၂)ရပ်ကွက်နှင့်ကျေးရွာ ( ၁၃ ) ရွာမှပင်စင်စားများကိုနံနက်( ၇ ) နာရီမှနေ့လည် ( ၂ ) နာရီ အထိ လည်းကောင်း ၊( ၂၂ )ရက်နေ့တွင် မြို့ပေါ် ( ၂ ) ရပ်ကွက်နှင့် ကျေးရွာ ( ၁၁ ) ရွာမှပင်စင်စားများကို နံနက် ( ၇ ) နာရီမှနေ့လည်(၂) နာရီအထိလည်းကောင်း ၊ (၂၃ )ရက်နေ့တွင် မြို့ပေါ်(၂ ) ရပ်ကွက်နှင့်ကျေးရွာ(၁၃ )ရွာ မှပင်စင်စား များကိုနံနက်( ၇ )နာရီမှ နေ့လည်( ၂ )နာရီအထိလည်းကောင်း ၊ (၂၄ )ရက်နေ့တွင် မြို့ပေါ်( ၁ ) ရပ်ကွက်နှင့် ကျေးရွာ ( ၁၃ ) ရွာမှပင်စင်စားများ ကိုနံနက် ( ၈ ) နာရီမှနေ့လည်( ၂ )နာရီအထိလည်းကောင်း ၊( ၂၅ )ရက်နေ့တွင် ကျေးရွာ( ၁၁ ) ရွာမှ ပင်စင်စားများကို နံနက်( ၉ ) နာရီမှ နေ့လည် ( ၂ ) နာရီအထိလည်းကောင်း ၊ (၂၈ )ရက်နေ့တွင် ကျေးရွာ(၁၁) ရွာမှပင်စင်စားများကို နံနက်( ၉ )နာရီမှနေ့လည်( ၂ ) နာရီအထိလည်းကောင်း( ၂၉ ) ရက်နေ့တွင် ကျန်ရှိနေသောကျေးရွာများကိုနံနက် (၉:၃၀)နာရီမှနေ့လည်( ၂ )နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “ယခုလို ပင်စင်ထုတ်ပေးခြင်းကို နေ့ရက်အလိုက် နာရီအချိန် ခွဲခြားသတ်မှတ်ပြီး ဆောင်ရွက်ရခြင်း မှာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့်လူစုလူဝေးမဖြစ်စေရေး အတွက် ရည်ရွယ်၍ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း” မြန့်မာ့စီးပွားရေးဘဏ် တာဝန်ရှိ သူတစ်ဦးထံမှသိရသည်။
သင်းသင်းဝေ( နတ်မောက် )