မကွေး စက်တင်ဘာ ၁၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့အတွက် လိုအပ်သော အမိန့်၊ ညွှန်ကြား ချက်များ ထုတ်ပြန်လျက်ရှိသည်။
ယခုအခါ မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ရန်ကုန်မှ ပြန်လည် ရောက်ရှိ လာသူများတွင် ရောဂါပိုးတွေရှိရသဖြင့် အခြားသူများအား ရောဂါကူးစက်မှု မရှိစေရေးအတွက် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ စက်တာဘာလ(၁၇)ရက်နေ့ ရက်စွဲဖြင့် မကွေးမြို့နယ်၊ တောင်ခွင်ကျေးရွာအုပ်စု၊ မကျီးကန်ကျေးရွာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၀)ဖြင့် အသွားအလာတားမြစ် ကန့်သတ်သည့် ကျေးရွာ အဖြစ် သတ်မှတ်ကြော်ငြာ ထားရှိကြောင်း မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာအေးထံမှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)