ပေါင်းတည် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိင်ရေးအတွက် ပြည်ပပြန်များနှင့် ရောဂါဖြစ်ပွားရာ ဒေသအသီးသီးမှ ပြန်ရောက်လာသူများ ထားရှိသည့် စင်တာများသို့ ယမန်နေ့မွန်းလွဲပိုင်းမှစ၍ ညပိုင်းအထိ မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းများက သွားရောက်၍ စောင့်ကြပ်ကြည့်ရှု စင်တာများတွင် အသွားအလာကန့်သတ် သီးခြားထားရှိသူများ၏ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူခြင်းကို ဝန်ထမ်းများရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် အလေးထားကာ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)ဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးဒေါက်တာမျိုးမင်း၏ ကြီးကြပ်မှု၊ မြို့နယ်ပြည်သူ့ဆေးရုံဓာတ်ခွဲမှူး ဦးတင်မောင်မြင့်၏ လမ်းညွှန်မှုများနှင့်အတူ FQCစင်တာ(၁၆)ခုရှိ အသွားအလာ ကန့်သတ်သီးခြားထားရှိသူ (၆၃) ဦး၏ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ရယူခြင်းကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ(၆၂)ခုအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၄င်းပြည်မြို့ ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ (၁) ဦး စုစုပေါင်း(၆၃) ဦးအား ပေးပို့စစ်ဆေးထားကြောင်း သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)